လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် အမှတ်(၂)ရပ်ကွက် ကုန်မျိုးစုံဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၄.၇.၂၀၂၂) ရက်နေ့ နံနက်(၀၉:၃၀) နာရီက အမှတ်(၂) ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပြည်စုံ မှုရှိ/မရှိ ကွင်းဆင်စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် လပွတ္တာမြို့ အမှတ်(၂)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉  ပါပြဌာန်းချက်များအရ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ ၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊   ပြစ်မှုပြစ်ဒဏ်များ စားသုံးသူကာကွယ် ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍မည်သည့်  စီးပွားရေး လုပ်ငန်းရှင်မဆို (ပုဒ်မ ၄၁) ပုဒ်မ ခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍     တွဲလျှက်ဖြစ်စေ၊ ရေးသာဖော်ပြရမည်ဖြစ်ပြီး ၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စီးပွားရေးလုပ်ငန်းရှင်ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်း   သိရှိရပါသည်။

DOCA(ဧရာဝတီ)