“ကွမ်းခြံကုန်းမြို့နယ်အတွင်း Mobile Phone ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  မေလ(၁၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ Mobile Phone ရောင်းချ သည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ခေတ္တဈေးတာဝန်ခံ ကျန်းမာရေးမှူး(၃) ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက်အတွင်း Mobile Phone များရောင်းချသော ဆိုင် များဖြစ်သည့် လင်းထက် (Mobile Phone) ဖုန်းအပိုပစ္စည်းနှင့် ဖုန်းအမျိုးမျိုးပြုပြင်ရေး၊ လက်ကီဖုန်းဆိုင်(၂) ဖုန်းနှင့်ဖုန်းအပိုပစ္စည်းပြုပြင် ရောင်းဝယ်ရေး၊ Mobile Sale & Service နှင့် စွမ်းအား ဖုန်းပြုပြင်ရေးနှင့် ဖုန်းအမျိုးမျိုးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ရောင်းချသည့် ဖုန်းအမျိုးအမည်အား စာရင်းကောက်ယူခြင်း၊ ဖုန်းနှင့်ဖုန်းအပိုပစ္စည်းများ ရောင်းချရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) ပုဒ်မ(၄၁) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအရ ကုန်စည်တွင် ပါရှိရသည့် အချက်အလက် များ Mobile Phone (လက်ကိုင်ဖုန်း)များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိရေး အသိပညာပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ သောကုန်စည်များကို ရောင်းချမှသာ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)