
ပျားများအားတွယ်ကပ်တိုက်ခိုက်တတ်သော Varroa mite ကပ်ပါးကောင်များပျံ့နှံ့မှုကြောင့် သြစတြေးလျနိုင်ငံ၏ စိုက်ခင်းလုပ်ငန်းသည် ဝတ်မှုန်ကူးရေးဝန်ဆောင်မှုအတွက် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မေလ ၅ ရက်နေ့တွင် အစီရင်ခံစာသစ်တစ်ရပ်၏ ဖော်ပြချက် အရသိရသည်။ ၂၀၂၂ ခုနှစ်တွင် New South Wales တွင်ပထမဆုံးတွေ့ရှိခဲ့ပြီးယခုအခါတွင် ဖျောက်ဖျက်၍မရနိုင်ဟု ယူဆရသည့် ပိုးမွှားများသည် ဗာဒံစေ့၊ သရက်သီးနှင့် Macadamia ကဲ့သို့သော အဓိက ဝတ်မှုန်ကူးသော သီးနှံများအတွက် ဆိုးရွားသောခြိမ်းခြောက်မှု တစ်ခုဖြစ် ကြောင်း လယ်ယာစီးပွားရေးဘဏ္ဍာရေးဝန်ဆောင်မှုပေးသူတစ်ဦးဖြစ်သည့် Rabobank ၏ အစီ ရင်ခံစာအရ သိရသည်။ ဩစတေးလျတွင် ၀တ်မှုန်ကူးရန် ၀ယ်လိုအားသည် ၁၉၉၀ ပြည့်လွန်နှစ် များကတည်းက စိုက်ပျိုးမှု များပြားလာသော်လည်း အပင်ထိန်း ပျားအုံအရေအတွက် တိုးတက်မှု ထက် ပိုမိုမြန်ဆန်နေကြောင်း အစီရင်ခံစာက သတိပေးခဲ့သည်။ Rabobank သည် varroa ကူးစက်မှုများ ဖြစ်ပွားပြီးနောက် ငါးနှစ်အတွင်း ပျားအုံအရေအတွက် ၈ ရာခိုင်နှုန်းခန့် ကျဆင်း သွားသည့် ကနေဒါနှင့် နယူးဇီလန်တို့ကို စံပြု၍ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ အမေရိကန်တွင် ခုနစ်နှစ်အတွင်း ဆုံးရှုံးမှု ၂၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ ဩစတေးလျသည် အလားတူ ကျဆင်းမှုများနှင့် ရင်ဆိုင်ရနိုင်ပြီး သုံးနှစ်မှ ငါးနှစ်အတွင်း ဝတ်မှုန်ကူးမှု ပြတ်တောက် သွားနိုင်ကြောင်း အစီရင်ခံစာကဆိုသည်။ ပျားမွေးမြူရေးသမားများသည် Varroa ပိုးမွှားထိန်းချုပ် ရေးအစီအမံများ၊ လုပ်သားနှင့် စွမ်းအင်ဖောင်းပွမှုနှင့် ပျားရည်ဈေးနှုန်းများ ကျဆင်းမှုကြောင့် ကုန်ကျစရိတ်များ မြင့်တက်လျက်ရှိပြီး ယခုအခါ သြစတြေးလျ၏ ထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်းနီး ပါးကို တင်သွင်းခြင်းကြောင့် ပြည်တွင်းပျားရည်ထုတ်လုပ်မှုမှာ ပိုမိုနည်းပါးလာကြောင်း ၎င်းက ဆိုသည်။ ထိုကပ်းပါးကောင်အန္တရာယ်ကို လျော့ပါးစေရန် အစီရင်ခံစာတွင် စီးပွားဖြစ် ပျားအုံများ တိုးမြှင့်ခြင်း၊ ပြည်နယ်တွင်း ပျားအုံများ ထိန်းသိမ်းမှုကို တိုးတက်စေခြင်း၊ ဒရုန်းများနှင့် ဝတ်မှုန် ကူးစက်စေခြင်းများ အပါအဝင် အစားထိုး ဝတ်မှုန်ကူးနည်းများကို ရှာဖွေခြင်းနှင့် ကိုယ်တိုင် ဝတ်မှုန်ကူးသော သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ရန် အကြံပြုထားသည်။
DOCA(ရန်ကုန်)