ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ၂၈.၆.၂၀၂၂ ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ  စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ ဒုဥက္ကဋ္ဌ သယံဇာတဝန်ကြီး၊ အဖွဲ့ဝင်များဖြစ်သော လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းကို၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာမျိုးထွန်းကျော်၊ တိုင်းစည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးအောင်နှင့် အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်၊၊

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးတင် အေးက စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကော်မတီအစည်းအဝေးကို (၂) လလျှင် (၁) ကြိမ် ကျင်းပဆောင်ရွက်သွားမှာဖြစ်ကြောင်း စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အငြင်းပွားမှုများဖြေရှင်းရာတွင် အကြံဉာဏ်များရယူခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ပတ်သတ်၍ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နေသလို ဥပဒေပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း စိစစ်တွေ့ရှိရပါက တိုင်းဒေသကြီးဦးစီးမှူးနှင့် စားသုံးသူရေးရာကော်မတီမှ သတိပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်မှာစကားပြောကြားခဲ့ပါသည်၊၊

          စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးထွန်းထွန်းက အမှာစာများကို ဖတ်ကြားတင်ပြခဲ့ပြီး ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး ကြကြောင်းနှင့် မြန်မာစာအညွှန်းနှင့် ပတ်သက်၍ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး (၁၀ဂရမ်နှင့်အထက်) စားသုံးဆီအမျိုးမျိုး၊သွားတိုက်ဆေးအမျိုးမျိုး၊ အေးခဲစာအမျိုးမျိုးတို့အား မြန်မာစာအညွှန်းနှင့် ပတ်သက်၍ ဖော်ပြခြင်းမရှိသည့် ကုန်စည်များကို  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉နှင့်အညီ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်စည်များအရေးယူခြင်း ကော်မတီအဆင့်ဆင့်သို့  တင်ပြ၍အရေးယူ ဆောင် ရွက်နိုင်ရေးအတွက် ဦးစားပေးကုန်စည်(၅)မျိုး သတ်မှတ်ခြင်း ရွေးချယ်ပေးနိုင်ပါရန်နှင့် ညွှန်ကြားချက် ၂/၂၀၁၉ သတ်မှတ်ချက်မကိုက်ညီသည့်ကုန်စည်များ ဦးစားပေးအရေးယူ ဆောင် ရွက်ခွင့်ပြုပါရန် တင်ပြ၍ ဧရာဝတီတိုင်းစားသုံးသူရေးရာကော်မတီက ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေးတင်ပြခဲ့ပြီး စားသုံးဆီများကိုသယ်ဆောင်၊သိုလှောင်၊ဖြန့်ဖြူးရာတွင် Food Grade ပေပါများ Tank များ အသုံးပြုနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ကွင်းဆင်း စည်းရုံး စိစစ်ရန် Food Grade ပေပါများသုံးစွဲမှုအခြေအနေအား ခရိုင်အလိုက် ကွင်းဆင်းစစ်ဆေးလျက် ခရိုင်အလိုက်တိုးတက်သုံးစွဲနိုင်မှုအခြေအနေအား ကော်မတီသို့ တင်ပြထားပြီး အဝါရောင်ပေပါများ တိုးတက်သုံးစွဲမှုကို ရာနှုန်းပြည့်သုံးစွဲနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအတွင်းရေးမှူး တိုင်းဦးစီးမှူးဦးစိုးအောင်က တင်ပြဆွေးနွေးခဲ့ပြီး လက်ရှိစားသုံးသူကာကွယ်ရေး ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)