ညောင်တုန်းမြို့ အ.ထ.ကကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် (၄.၇.၂၀၂၂) ရက်နေ့  (၁၀:၁၅) မှ (၁၂:၀၀)နာရီအချိန်ထိ ကျန်းမာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ညောင်တုန်း အ.ထ.က- စာသင်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ ဆရာ/ ဆရာမ (၂၇၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။

              အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး) က စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် စားသုံးသူကိုယ်တိုင်က ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူတက်စေရန်နှင့် စားသုံးသူများ ကုန်စည်ကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါက နစ်နာဆုံးရှုံးမှုအတွက် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများအကြောင်းကို ဟောပြေဆွေးနွေးခဲ့ပြီး ဟောပြောပွဲမှ ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြရာအပြန်အလှန် ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)