ကမ္ဘောဒီးယား ၀န်ကြီးချုပ်က အီး-စီးကရက် ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုကို တားမြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့

Powered by Drupal

    ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်မာနက်က အရှေ့တောင်အာရှနိုင်ငံများတွင် အီး-စီးကရက် ထုတ်လုပ်ရေးနှင့်ပက်သက်၍ ရင်းနှီးမြှုပ်နှံမှု မပြုရဟု မေလ ၁၃ ရက် (ဆင်ဟွာ) ၌ ပြောကြားခဲ့သည်။ ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆေးရွက်ကြီး လုပ်ငန်း အသင်းဥက္ကဋ္ဌ Barros Figueira Miguel နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ယူနစ်က သတင်းထုတ်ပြန်ခဲ့သည်။ Samdech Thipadei က ကမ္ဘောဒီးယား တော်ဝင် အစိုးရသည် ကမ္ဘောဒီးယားတွင် အီလက်ထရွန်နစ် စီးကရက် (e-cigarettes) ထုတ်လုပ် မှုတွင် ရင်းနှီးမြုပ်နှံမှု တစ်စုံတစ်ရာကို ခွင့်ပြုမည်မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည် ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် အစိုးရသည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း တရားမဝင်တင်သွင်းမှုကို တားဆီးရန်နှင့် ဆေးလိပ်ထွက်ပစ္စည်းနှင့် စီးကရက်များ၏ ဆိုးကျိုးများအကြောင်း ပြည်သူများအား အသိပညာပေးမှုများ ပြုလုပ်ရန် အစိုးရကအာရုံ စိုက်ထားကြောင်း သိရသည်။ ကမ္ဘောဒီးယားသည် အီး-စီးကရက်နှင့် ရှီရှာ တင်သွင်းမှု၊ ကုန်သွယ်မှု နှင့် သုံးစွဲမှုကို ၂၀၁၄ ခုနှစ်ကတည်းက တားမြစ်ထားသော်လည်း အဆိုပါ ထုတ်ကုန်များကို တရားမဝင် တင်သွင်းရောင်းချမှုများ ရှိနေကြောင်း သိရသည်။ အီး-စီးကရက်များတွင် စွဲလမ်းစေသော နီကိုတင်းဓာတ်များ ပါဝင်သောကြောင့် သုံးစွဲသူများ၏ ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးခဲ့သည်။ အီး-စီးကရက် သို့မဟုတ် vape သည် သုံးစွဲသူများ ရှူရှိုက်မိသည့် aerosol အတွင်းသို့ အထူးအရည်ကို အပူပေးသည့် ဘက်ထရီဖြင့် လည်ပတ်သည့် ကိရိယာတစ်ခုဖြစ်ပြီး အီး-စီးကရက် သောက်သူများသည် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ခြေ မြင့်မားနိုင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)