ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေ

Powered by Drupal

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးမှုများတွင် တပ်ကုန်းနှင့် ဇေယျာသီရိမြို့နယ်တွင် စိုက်ပျိုးထားရှိသော စိုက်ခင်းများ အနှံထွက်ရှိလာသည်ကို တွေ့ရှိရပါသည်။ စိုက်ပျိုး မှုတွင် တပ်ကုန်းမြို့နယ်တွင် စိုက်ပျိုးမှုစောလျှင်မှုရှိခဲ့သော်လည်း ဆည်ရေရရှိမှုတွင် အခက်ခဲများ ကြုံတွေ့ခဲ့ ရသဖြင့် အပင်ဖြစ်ထွန်းမှု အားနည်းပြီး အနှံထွက်နောက်ကျခဲ့သည့် အနေအထားရှိခဲ့ပါသည်။ စပါးအထွက် နှုန်းလည်း လျော့ကျမည့်အနေအထားများကို တွေ့ရှိရပါသည်။

    ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးထားရှိမှုတွင် မိုးစပါးစိုက်ပျိုးရန်အတွက် မျိုးစေ့အသုံးပြုရန် မျိုးစေ့ထုတ်စိုက်ခင်းအချို့ကို တွေ့ရှိရပြီး မေလ၏ စတုတ္ထပတ်အတွင်း ရိတ်သိမ်းနိုင်မည့် အနေအထားများကို တွေ့ရှိရပါသည်။ စိုက်ခင်းအားလုံး ဖြစ်ထွန်းမှုအကောင်းဆုံး အနေအထားတွင် တွေ့ရှိနေရပြီး တောင်သူများ၏ ခန့်မှန်းချက်များအရ တစ်ဧကအတွက်နှုန်း (၁၀၀)တင်းနှင့်အထက် ထွက်ရှိနိုင်မည်ဟု သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)