ညောင်တုန်းမြို့ အ.ထ.က ၂ ကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံဆိုင်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ အ.ထ.က-၂ စာသင်ကျောင်းတွင် (၅.၇.၂၀၂၂) ရက်နေ့  (၁၂:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်(၃)ဆိုင်အား ကွင်းဆင်း စစ်ဆေးပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးခဲ့ကြပါသည်။

           ထိုသို့ စစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်က ကျောင်းမုန့်ဈေးတန်းတွင် မုန့်ရောင်း ချသူဆိုင်ရှင်များအား ရောင်းချနေသော မုန့်များတွင် ရက်လွန်မုန့်များ၊ မသန့်ရှင်းသော အစားအသောက်များ၊ ဆိုးဆေးသုံးသောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထုတ်ပြန်ထားသော မုန့်များကို မရောင်းချရန်နှင့် ကုန်အညွှန်း အမှတ်အသားပါဝင်သော မုန့်များကိုသာရောင်းချရန် ဈေးဆိုင်ရှင်များအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)