
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးသည် ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့တွင် ၁၄.၅.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။
ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု−ဦးစီးမှူး ) က အမှတ် ( ၂ ) ရပ်ကွက်အတွင်း ရောင်းချနေသည့် စကားဝါဆေးဆိုင်တွင် ရောင်းချနေသည့် ဆေးနှင့် ဆေးပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ဆေးများကိုရောင်းချ၍ တားမြစ်ဆေးများ၊ တရားမဝင်ဆေးများအား ရောင်းချခြင်းမပြုရန်နှင့် သက်တမ်းလွန်ဆေးများအား ရောင်းချခြင်းမပြုရန်နှင့် အမှတ် ( ၃ ) ရပ်ကွက်အတွင်းရှိ ဆန်းသစ်ကုန်မျိုးစုံတွင်ရောင်းချနေသည့် နို့နှင့် နို့ထွက်ပစ္စည်းများတွင် မြန်မာစာဖြင့်ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် မိမိဆိုင်အတွင်းရောင်းချနေသည့် စားသောက်ကုန်များအား မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံသည့် စားသောက်ကုန်များကိုသာ ရောင်းချရန် ပြောကြားခဲ့ပြီး မိတ်ဖက်ဌာနများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(စစ်ကိုင်း)