မုဒုံမြို့နယ်တွင် တရားမဝင် ဆင်းကတ်ရောင်းချမှုနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

    ၁၆.၅.၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ မုဒုံမြို့နယ် တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်နှင့် အဖွဲ့ဝင်များသည် စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား တွေ့ဆုံညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဆက်လက်၍ မြို့နယ်အဆင့် တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ဆင်းကတ်အရောင်းဆိုင်များအား ကွင်းဆင်း၍ ဆင်းကတ်များကို စနစ်တကျ မှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ်တကျ ပြန်လည်မှတ်ပုံတင်ခြင်း အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၃) များအား ဖြန့်ဝေခြင်းများ၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA (မွန်)