ဘီးလင်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ ဘီးလင်းမြို့နယ် တာဝန်ခံတက်ရောက်

Powered by Drupal

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ၉.၄.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့ ရန်ကုန် - မော်လမြိုင်အဝေးပြေးကားလမ်းဘေးရှိ ဘီးလင်းချောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

  စုပေါင်းငါးလွှတ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူအောင်နှင့်အဖွဲ့ဝင် များ၊ ဘီးလင်းတပ်နယ်မှ တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ဘီးလင်းချောင်းအတွင်းသို့ ငါးခူ၊ ငါးပြေမ၊ ငါးမြစ်ချင်း စသည့် ငါးသား‌ပေါက်ကောင်ရေ (၂၀၀၀)အား ဇီဝိတဒါန ဘေးမဲ့လွှတ်ပေးခဲ့ကြသည်။

   အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံ တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ စုပေါင်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)