မော်လမြိုင်မြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကျင်းပ

Powered by Drupal

  ၉.၄.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ပြည်သူများနေ့စဉ်စားသုံး နေသည့် ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်မှာ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန်နှင့် ပတ်သက်၍ သိရှိစေရန် မော်လမြိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး မော်လမြိုင်မြို့နယ်လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်ပြီး စားသုံးသူ ကာကွယ်ရေးအသိပညာပေး (Talk Show)ကို ကျင်းပပြုလုပ်သည်။

  ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းချောက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ညီညီခန့်က စားသုံးသူပြည်သူများ ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သက်ပြီး ကုန်အညွှန်းအမှတ်အသား အကြောင်း အရာများကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)