ဘီးလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ အတန်းတင်အောင်စာရင်းများထုတ်ပြန်ကြေငြာ

Powered by Drupal

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် အခြေခံပညာ မူလတန်းမှ အထက်တန်းထိ ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်မှုစာရင်းများအား ၁၅.၅.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းအသီးသီးတို့တွင် ထုတ်ပြန်ပေးခဲ့ သည်။ 

   ဘီးလင်းမြို့နယ်အတွင်း အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာကျောင်းများ၌ KGတန်းမှ အထက်တန်း Grade - 11 အဆင့်ထိ ပညာသင်ကြားလျက် ရှိသော ကျောင်းသား၊ ကျောင်းသူ (၂၄၄၀၀) ဦးဖြစ်ပြီး ဖြေဆိုသူ (၂၄၁၈၄) ဦး ဖြစ်၍ အောင်မြင်သူ (၂၄၀၃၆)ဖြစ်ရာ ရာခိုင်နှုန်းအရ (၉၉.၃၉) ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

DOCA (မွန်)