မုဒုံမြို့တွင် သဘာဝဘေးအန္တရာယ်များမှကင်းဝေးစေရေး အန္တရာယ်ကင်း ပရိတ်တရားတော် များရွတ်ဖတ်ပူဇော်

Powered by Drupal

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရဟန်းရှင်လူ ပြည်သူအများ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်ရည်ရွယ်၍ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော် များ ရွတ်ဖတ်ပူဇော်ခြင်းကို ၉.၄.၂၀၂၅ ရက်နေ့ နံနက် ၈ နာရီက မြို့မ (၄) ရပ်ကွက် ကန်ကြီး စေတီတော်အတွင်းရှိ မြတ်မုနိဓမ္မာရုံ၌ ပြုလုပ်သည်။

  အဆိုပါ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဆိုပူဇော်ခြင်းကို ဆရာတော်၊ သံဃာတော်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူပြည်သူအများ မီးဘေး၊ လေဘေး၊ ရေဘေး နှင့် ငလျင်ဘေးစသည့် သဘာဝဘေး အန္တရာယ်များမှ ကင်းဝေးစေရန်အတွက် အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် ပူဇော်၍ မေတ္တာပို့ အမျှအတန်းပေးဝေကြသည်။ ထို့နောက် ဆရာတော်သံဃာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

  ထို့ပြင် မုဒုံမြို့ပေါ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများ၊ သင်တန်းကျောင်းများတွင်လည်း သက်ဆိုင်ရာ ဝတ်ရွတ်အသင်းများက သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး အန္တရာယ်ကင်း ရတနသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)