
၉.၄.၂၀၂၅ ရက်နေ့တွင် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ မြင်သာဒေရဝါဒစာသင်တိုက် တွင်ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းကျောင်း၌ ဘီးလင်းမြို့နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများ အကြောင်းနှင့် ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်းကို အကျယ်တဝင့် ဟောပြောဆွေးနွေးပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးရှိုင်းသူရထွန်းမြင့် (ကြီးကြပ်-၂) မှ ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရန် နည်းလမ်းများ၊ ရောဂါဖြစ်စေတတ်သော နေထိုင်၊ စားသောက်မှုများ ရှောင်ရှားရမည့်အကြောင်းနှင့် ရောဂါဖြစ်ပွားပါက ကုသခြင်းနည်း လမ်းများကို ဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၅) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၆၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)