ငလျင်ဘေးသင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၁၂)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၁၂ )ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်( ၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့တွင် ဆန် (၁၉၂) ပြည်၊ ဆီ (၁၀၀) ပိဿာ တို့ကို ရောင်းချပေးခဲ့ပြီး ယနေ့အထိ ရောင်းချမှု များမှာ ဆန်( ၅၁၃၆ ) ပြည်၊ ဆီ (၃၂၃၃) ပိဿာ ၊ ကြက်သွန်နီ (၄၅၀) ပိဿာ၊ အသားတု    ( ၁၅ ) ပိဿာ၊ ကြက်ဥ (၄၃၆၀)လုံးတို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရ သည်။

ယနေ့ ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)