
ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊သံချောင်း၊အထပ်သားများအား အထူးဈေးဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည် ။ ထိုသို့ရောင်းချရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ မိတ်ဖက်ဌာနများပါဝင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ် လမ်းဦးစီးဌာန၊ခရိုင်စားသုံးသူရေးရာဦးစီးဌာနအဖွဲ့ နှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့မှကြီးကြပ်ကွပ်ကဲ၍ အလုံးစုံပျက်စီး၊တစ်စိတ်တစ်ပိုင်းပျက်စီး၊အိမ်ပိုင်ရှင်များအား ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျင်(၁၈၂၀၀)ကျပ်၊ 4Ms10MM(3.9)kg သံချောင်းတစ်တန်လျင်(၁၈၇၄၀၀၀) ကျပ်၊ 4Ms 16MM(11.5Kg)သံချောင်း တစ်တန်လျင် (၂၀၂၄၀၀၀)ကျပ် ၊ 7MM (grade-B) အထပ်သား တစ်ချပ်လျင်(၃၄၅၀၀)ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည် ။ ငလျင်ဘေးဒဏ်သင့်၍ အဆောက်အဦးပြိုကျ ပျက်စီးသွားသော အိမ်ထောင်စု တစ်စုအတွက် အများဆုံး ဘိလပ်မြေအိတ် (၁၀၀)၊ 16MMသံချောင်းတစ်တန် ၊ 10MM သံချောင်း (၀.၅)တန်၊ အထပ်သား(၁၀)ချပ်နှုန်းဖြင့် ခွဲဝေရောင်းချပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မေလ(၁၀)ရက်နေ့မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပြီးဆက်လက်၍ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)