
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့ရှိ “မဟာတိလောကသယမ္ဘူ” ကျောက်တော်ကြီး ဘုရားကြီးဝန်းတွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ၁၆.၅.၂၀၂၅ ရက်နေ့၌ ကျင်းပပူဇော်ခဲ့ရာ အခမ်းအနားသို့ ညောင်လေးပင်ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာဖြစ်သော ကဆုန်လတွင် မြန်မာလူမျိုးတို့သည် တရားဘာဝနာဆောက်တည်ခြင်း၊ ငါးပါးသီလစောင့်တည်ခြင်း၊ ညောင်ရေသွန်းလောင်းခြင်း၊ ငါးလွှတ်ခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြပါသည်။ ရှေးကတည်းက အစဉ်အလာမပျက် ကျင်းပပူဇော်ခဲ့သည့် ညောင်လေးပင်မြို့ရှိ “မဟာတိလောကသယမ္ဘူ” ကျောက်တော်ကြီး ဘုရားဝန်းအတွင်း၌ ညောင်လေးပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ရုံးဝန်ထမ်းများသည် ရဟန်းသံဃာတော်များနှင့် သီလရှင်အပါး ၂၉၁ပါးအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထူအစုစုတို့အား ကပ်လှူပူဇော်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)