ကျော်ကြားအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့ ဘိလပ်မြေပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၁၆.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော်နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ ကျော်ကြားအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့ ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိနှင့် မြေပြင်လက်ကျန် အခြေအနေများ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျော်ကြားအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် ဘိလပ် မြေပြတ်လပ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်း ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ကျော်လွန်၍ ဈေးနှုန်းမြင့်တက် နေမှုမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)