မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) (၅/၂၀၂၅) ကျင်းပပြုလုပ်

Powered by Drupal

    မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) (၅/၂၀၂၅) ကို ၂၀.၅.၂၀၂၅ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း (၉) ဦး၊ အမှုထမ်း (၂၄) ဦးတက်ရောက်ခဲ့သည်။

    ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ အနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် သွားလာနေထိုင်ကြရန်၊ ကုန်စည်စီးဆင်းမှု အခြေအနေနှင့် ပတ်သက်၍ မြို့နယ်တာဝန်ခံများမှအချိန်မီ သတင်းပို့ရန်၊ ဝန်ထမ်းများစွမ်း ဆောင်ရည်မြှင့်တင်ခြင်းကို အလေးထားဆောင်ရွက်ရန်၊ သတင်း/ဆောင်းပါးများရေးသား ကြရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန် ပြောကြားခဲ့ ပါသည်။

    ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူးက ယခုဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ပြောကြား ခဲ့ပါသည်။

    ဆက်လက်၍ စီမံရေးရာဌာနခွဲတာဝန်ခံက (၄/၂၀၂၅) ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းတစ်ဦးချင်းမှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဝန်ထမ်းထုဆန္ဒဖော် ထုတ်ပွဲ(ဒါဘာ) (၅/၂၀၂၅) ကို (၁၁:၃၀) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)