ရွှေတောင်မြို့နယ်တွင် ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများအဖွဲ့သည် အခြားမိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၉.၅.၂၀၂၅) ရက်နေ့ တွင်ဈေးကွက်မရောက်မီ ကုန်ပစ္စည်းများအား သွားရောက်၍ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဈေးကွက်မရောက်မီကုန်ပစ္စည်းများအားသွားရောက်စစ်ဆေးခဲ့ခြင်းကို ရွှေတောင်မြို့၊ သရက်တောရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ ဒေါ်သူဇာနိုင် ပိုင်ဆိုင်သော “အိုဆာကာ” ထမင်းသုပ်လုပ်ငန်း (Ready Made) သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ  စားသုံးသူကာကွယ်ရေး ဥပဒေအရ ထုတ်ပြန်ထားသော (၂/၂၀၁၉) (၁/၂၀၂၁)အရ ကုန်စည်များ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါဝင်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)