ကျိုက်လတ်မြို့ရှိ ရေခဲစက်သို့ MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ (၁၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီ အချိန်တွင် အမှတ်(၂) ရပ်ကွက်၊ (၂) လမ်းရှိ ဦးမြင့်ဆွေ ၏ ရေခဲစက် လုပ်ငန်းသို့ အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ကြပါသည်။      

       ကွင်းဆင်းစိစစ်မှုတွင် အဆိုပါ ရေခဲစက်၏ တစ်နေ့ ထုတ်လုပ်နိုင်မှု အခြေအနေ၊ အကျိုးအမြတ် ရရှိမှု အခြေအနေ၊ လုပ်ငန်းလိုင်စင်မှတ်ပုံတင်ထားရှိမှု အခြေအနေ၊ သက်တမ်းတိုးထားခြင်း ရှိ/မရှိ ၊ ရောင်းချနေမှု အခြေအနေများကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် မြို့နယ်တာဝန်ခံ မှ ရေခဲထုတ်လုပ်နေမှု အခြေအနေ၊ အရည်အသွေး ပြည့်မီစေရေး ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ ၊ လုပ်သားအင်အား အသုံးပြုမှု အခြေအနေ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်စည်အပေါ် တာဝန်ရှိမှု၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Doca (ဧရာဝတီ)