ဒေးဒရဲမြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ ဟင်းခတ်အမွှေးအကြိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ (၁၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်များ ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင်‌ ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင် ပစ္စည်းများဖြစ်သည့် AJI.NO.MO အချိုမှုန့်၊ ကုလားလေးမဆလာ၊ မြန်မာ့ရနံ့ဟင်းခတ်ငြုပ်ကောင်းမှုန့်၊ အများကြိုက်မဆလာ၊ BRAVO ငရုတ်ဆီတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ပြီး FDA ထောက်ခံချက်များ ပြည့်စုံစွာ ပါဝင်ကြောင်း မြို့နယ်တာဝန်ခံမှ စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)