
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးသန့်ဇင်(ဦးစီးအရာရှိ) ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်း ဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါ က ကြက်သွန်နီ၊ အာလူးနှင့် ချင်း (ဂျင်း) တို့မှာ ဈေးနှုန်းများအနည်းငယ်ကျဆင်းလာပါသည်။ ထိုကဲ့ သို့ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ကြက်သွန်နီ၊ အာလူးနှင့် ချင်း (ဂျင်း) တို့မှာ ရာသီပေါ်ထွက်ချိန် ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းရခြင်း ဖြစ်ပါသည်။ ဝက်သားနှင့် အမဲသားဈေးနှုန်း အနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ တိရိစ္ဆာန်အစာများ ဈေးနှုန်းမြင့်တက်ခဲ့သော ကြောင့် ဖြစ်ပါသည်။
ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံး သူကာကွယ်ရေးဥပဒေအခန်း ၁၀ ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA (ရှမ်း)