၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးဆောင်၍ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ပါလျဲန်၊ ရပ်ကွက် (၂)၊ ကျိုင်းတုံမြို့ရှိ “ထက်အာကာမင်း” ကုမ္ပဏီအတွင်းရောင်းချသော အေးခဲစားသောက်ကုန်များအား ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် “ထက်အာကာမင်း” ကုမ္ပဏီအတွင်းရောင်း ချသော အေးခဲစားသောက်ကုန်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိပြီး၊ သန့်ရှင်းသပ်ရပ်စွာရောင်းချလျက်ရှိကြောင်းနှင့် သက်ဆိုင်ဌာန၏ ထောက်ခံချက်များ ပြုလုပ်ဆောင် ရွက်ထားရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို သိရှိလိုက်နာ ဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)