
၂၀၂၅ခုနှစ်၊ မေလ( ၁၇ )ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်း (၂)ဦးသည် ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပ ဖွင့်လှစ်သည့် ဥပဒေ အသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၅)၌ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၇၃)ဦးကို စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦးက စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးရာတွင် ဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေး ထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံ ချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်ပစ္စည်း(သို့) ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ Ooredoo၊ Atom၊ Mytel ဆင်းကဒ်များဖြင့်လည်း 1535 နံပါတ်များသို့ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းနိုင်ကြောင်းနှင့် တက်ရောက်လာသောသင်တန်းသူ/သားများ ကလည်း သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများပြုလုပ်နိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ကယား)