ဆန်ရောက်ရှိလာမှုအားကွင်းဆင်းစစ်ဆေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သောဒေသဖြစ်သည့်အတွက်  မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များအား ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်တို့မှ အများဆုံးဝယ်ယူ လျက် ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ မြိတ်ခရိုင်သို့တင် ဆောင်လာသော ဆန်အိတ်ရေ ၃၀၀၀၊ တန် ၁၅၀ ပါရှိသော MS ပြည့်ဖြိုးအောင်(၉) ရေယာဉ်သည် ၂၀၂၅ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာသဖြင့် အဆိုပါဆန်လှေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန အပါအဝင် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)