
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သောဒေသဖြစ်သည့်အတွက် မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များအား ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်တို့မှ အများဆုံးဝယ်ယူ လျက် ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ မြိတ်ခရိုင်သို့တင် ဆောင်လာသော ဆန်တန် (၃၆၇.၁၅)၊ အိတ်ရေ (၇၃၄၃) သည် MV-958 ရေယာဉ်ဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာသဖြင့် အဆိုပါဆန်လှေများအား ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန အပါအဝင် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(တနင်္သာရီ)