ထားဝယ်မြို့ရှိဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့၊   နံနက် ၁၀း၃၀ မှ ၁း၀၀ နာရီအချိန်ထိ စားသုံးသူရေးရာဦးစီး ဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ ဆန်း ချီရပ်၊ အခွန်လွတ်ဈေးတို့ရှိ ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင် ရွက်ခဲ့ပါ သည်။

  ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေး ချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ  စစ် ဆေးခြင်းများ၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်းများလည်း  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)