
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့၊ နံနက် ၉း၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်၊ အောင်မင်္ဂလာလမ်းရှိ Dawei Beauty ကားဂိတ်ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်း၏ စီစဉ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၅) ကို ယာဉ်မောင်း ဦးဝေယံအောင်၊ ယာဉ်အမှတ် 2H-6054/ Nissan Diesel မော်တော်ယာဉ်နှင့် အလားတူ ၉း၃၀ အချိန်တွင် အိမ်ရှေ့ပြင်ရပ်ကွက်၊ရေးလမ်းရှိ ဟိုင်းဝေးစတား ယာဉ်ရပ်နား စခန်းသို့ Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ (၉၀) ပေပါကို ယာဉ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044/ Nissan Diesel မော်တော်ယာဉ်တို့ဖြင့် တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေး လွင်နှင့် တာဝန် ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၁၇၅) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင် လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)