ထားဝယ်မြို့ပေါ်ရှိ သူသူယိုစုံလုပ်ငန်းအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ၊ ၁၄း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ ဆင်ပုနစ်ရပ်၊ မြသန္တာလမ်းရှိ သူသူ အမှတ်တံဆိပ် ယိုမျိုးစုံထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချလျက်ရှိသည့် လုပ်ငန်းအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ် (Pre Market Surveillance) ဖြင့်စစ်‌ဆေး ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းဖြန့်ဖြူးမရောင်းချမီ ကုန်စည်များတွင် မြန်မာ ဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသောကုန်အညွှန်း အမှတ် အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန် ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ စားသောက်ကုန်များအားထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)