မင်္ဂလာဒုံဈေးရှိ လက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ၈.၄.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရှိ ဒေါ်ဝင်းမို့မို့ စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ စစ်ဆေးခဲ့ရာတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုး၊ ဆီလုပ်ငန်းရှင်များအသင်းမှ (၃)ဦးတို့ပါဝင်လျက် ဒေါ်ဝင်းမို့မို့ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ နေ့စဉ်လက်ကားကိုယ်စားလှယ်များရရှိသော ခွဲတမ်းများအား နံနက်(၈)နာရီမှ ညနေ(၅)နာရီ ရောင်းချပေးကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်မှရရှိသော ဈေးနှုန်းကို (၂%) အမြတ်သာတင်၍ ရောင်းပါကြောင်း၊ မိမိတို့ဌာနမှလည်း သတ်မှတ်စည်းကမ်းချက်များအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)