
(၈.၄.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ (၁)ဦးနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ(၁)ဦးတို့ပူးပေါင်းပါဝင်လျက် မင်္ဂလာဒုံမြို့နယ်ရှိ ဦးသန်းနိုင် စားအုန်းဆီ လက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်လီကိုယ်စားလှယ်ဖြစ်သော ဦးလှိုင်မြင့်ထွန်းမှ မိမိတို့ရရှိသော ခွဲတမ်းများအား ရပ်ကွက်အလိုက် နေ့စဉ် နေ့လည်(၁)နာရီမှ ညနေ(၃) နာရီအထိ စာအုပ်စနစ်ဖြင့် အိမ်ထောင်တစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် (၁)ပတ်လျှင် (၁)ကြိမ်၊ (၁)လကို (၄)ကြိမ် ပုံမှန် ရောင်းချပေးခဲ့ပါကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်များက သတ်မှတ်ပေးသော ဈေးနှုန်းဖြင့် ရောင်းချပေးပါကြောင်း၊ အလေးချိန်ကိုလည်း မှန်ကန်စွာ ချိန်တွယ် ပေးပါကြောင်း၊ ရောင်းချရာတွင်လည်း လက်ခံစာအုပ်များတွင် နေ့စဉ်အရောင်းစာရင်း ရေးသွင်းထားပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း တစ်နေ့စာ တစ်နေ့ကုန်အောင် ရောင်းချပေးရန်နှင့် သိုလှောင် ထားခြင်းရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)