
(၈.၄.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၅၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုး နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင် ဦးမျိုးကျော်ဆန်းတို့ ပူးပေါင်းပါဝင်လျက် မင်္ဂလာဒုံ မြို့နယ်ရှိ လက်လီ ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်လီကိုယ်စားလှယ် ဦးဝေဖြိုးမှ မိမိရရှိသောခွဲတမ်းများ သည် ALPS Co.,Ltd မှရရှိပြီး ပြည်သူများသို့ နေ့စဉ်ပုံမှန်ရပ်ကွက်အလိုက် စာအုပ်စနစ်ဖြင့် ရောင်းချပေးပါကြောင်း၊ အများမြင်သာအောင် ဈေးနှုန်း Vinyl ဖြင့် ချိတ်ဆွဲထားပါကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်တို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)