
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင်(လ/ထကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆန်ကုန်သည် များအသင်း၊ စသည့်အဖွဲ့များနှင့် ပူးပေါင်း၍ (၉-၄-၂၀၂၅) ရက်နေ့ ၊ (၁၁:၀၀)နာရီအချိန်တွင် အမှတ်(၉၉)မြေညီ ၊ မြန်မာ့ဂုဏ်ရည်လမ်း) ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဆိုင်ရှင် ဦးညီညီလွင် (ရွှေသရဖူ) ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမြသန်းနိုင်က ဆိုင်အတွင်း ရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ၁ပြည်၊ ၁အိတ် ရောင်းချ သည့်ဈေးနှုန်းများကိုစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တာရာယ်များကိုအကြောင်းပြု၍ ဆန်ဈေးနှုန်း များကို ဈေးမြှင့်တင်ရောင်းချခြင်းမပြုရန် စားသုံးသူပြည်သူများ အခက်အခဲမရှိ ဝယ်ယူ စားသုံးနိုင် ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ် ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)