“ ကော့မှူးမြို့နယ်ကျိုက်ထော်ကျေးရွာရှိစားအုန်းဆီကိုယ်စားလှယ်ဆိုင်တွင်စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေအားကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြိုနယ် အနောက်ခြမ်း ကျိုက်ထော် (မြောက်)ကျေးရွာ စားအုန်းဆီကိုယ်စားလှယ်ဆိုင်တွင် စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေအား ဧပြီလ(၁၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဇော်ဖြိုးမြင့်၊ ကော့မှူးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် ကျိုက်ထော်( မြောက်)ကျေးရွာရှိ စားအုန်းဆီ ကိုယ်စားလှယ် ဒေါ်ခင်ပြုံးဝေ၏ စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် စားအုန်းဆီခွဲတမ်းရရှိသည့် ကုမ္ပဏီ၊ စားအုန်းဆီတစ်ရက်ခွဲတမ်း ရရှိသည့် ပေပါ၊ ပိဿာ၊ တစ်ရက်လျှင် ပြန်လည်ဖြန့်ဖြူး ရောင်းချပေး‌နေသည့် လက်လီ/ လက်ကားပေပါ၊ ပိဿာနှင့် လက်လီ/လက်ကား စားအုန်းဆီဈေးနှုန်းတို့အား စာရင်းကောက်ယူ ရှောင်တခင် ကွင်းဆင်းစိစစ် ကြပ်မတ် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီ ဈေးနှုန်းတည်ငြိမ်မှု မရှိစေရေးနှင့် ဈေးကစားရန်ရည် ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ၊ သတ်မှတ်အခြေခံ လက်ကားရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်း အမြတ်ထက်ပိုသော ဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် တွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)