“ကွမ်းခြံကုန်းမြို့နယ်အတွင်းအိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်း အမျိုးမျိုး ရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်းစိစစ်သွားရန် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တောင် ပိုင်း ခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဧပြီလ(၁၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပူးပေါင်း အဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးအောင်ပြည့်စုံ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သက်နိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦး၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးမှူး ဦးထွန်းထွန်းနှင့် စာရေး(၁)ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်း(၁)ဦး တို့ ပူးပေါင်းပါဝင်သောအဖွဲ့က ကွမ်းခြံကုန်းမြို့ယ် ရပ်ကွက်အတွင်း အိမ်ဆောက်ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ရေး အမှတ်(၇၂) ရတနာပုံ (၁)လမ်း၊ ဈေးပိုင်းရပ် ကွက်၊ ဦးရဲမြင့်+ ဒေါ်စန်းရီ အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းဝယ်ရေး၊ အမှတ်(၅၉) ရတနာပုံ(၁)လမ်း၊ ဈေးပိုင်းရပ်ကွက်၊ ကိုမင်းမင်း + မဝါဝါအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ ဈေးပိုင်းရပ်ကွက်၊ ရွှေမေတ္တာ အိမ်ဆောက်ပစ္စည်းနှင့် သင်္ဘောဆေးဆိုင်၊ ဈေးပိုင်းရပ်ကွက်၊ မအေးကြည် ကွန်ကရစ်လုပ်ငန်းနှင့်အိမ် ဆောက်ပစ္စည်းရောင်းဝယ်ရေး၊ စိတ္တသုခလမ်း တောင်ဘက်ပိုင်း ရပ်ကွက်ဆိုင်များသို့ ဝင်ရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် အိမ်ဆောက်ပစ္စည်းအမျိုးမျိုးတွင် သွပ်ပြားများ၊ သံချောင်းများကိုပါ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့ကို ရောင်းချသူ လုပ်ငန်းရှင်များသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ပူးပေါင်းအဖွဲ့များမှ တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)