
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် 18.4.2025 ရက်နေ့ တွင် ဒဂုံမြို့သစ်ခရိုင်အတွင်း မြို့နယ်များရှိ စက်သုံးဆီအရောင်း ဆိုင်များ စက်သုံးဆီပြတ်လပ်မှု / ရောင်းချမှု အခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နှစ်သစ်ကူးရုံးပိတ်ရက်များတွင် စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးခြင်းရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အတွက် ဆီ Boxer ကားများရောက်ရှိချိန်၊ အရည်အသွေး ပြည့်ဝသော စက်သုံး ဆီများ၊ အလေးချိန် တွယ်မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးရန် မြောက်ဒဂုံမြို့နယ်ရှိ Denko 1, Denko 2, Denko 3 စက်သုံးဆီဆိုင်များ၊ တောင်ဒဂုံမြို့နယ်ရှိ PT(ရွာသာကြီး)၊ PT(ဧရာဝဏ်) စက်သုံးဆီဆိုင်စသည့် ဆီဆိုင် (၅) ဆိုင်တို့မှ တာဝန်ခံများနှင့် တွေ့ဆုံခဲ့ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးနှင့် ရောင်းချသည်ကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ် ကြောင်းအသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)