နေပြည်တော်၌ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးစေခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ဥတ္တရခရိုင်ဦးစီးမှူးနှင့် ဒက္ခိဏခရိုင်ဦးစီးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာ ဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ (၈-၇-၂၀၂၂) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးစေခြင်းကို ဇမ္ဗူသီရိမြို့နယ်ရှိ စိန်ဒေါင်း စူပါစတိုး၊ SPIRITစတိုးနှင့် ပျဥ်းမနားမြို့နယ်ရှိ စိန်ဒေါင်းစူပါစတိုးတို့တွင် Mistine အလှကုန် ပစ္စည်းများ၊ ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကော်ဖီ(3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက် အစားအစာများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ရှိ/မရှိနှင့် FDA ၏ ထောက်ခံချက်ရှိ/မရှိ စစ်ဆေးခဲ့ရာ အလှကုန်ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသားများ ဖော် ပြခြင်း၊ FDA ၏ ထောက်ခံချက်များပါရှိကြောင်း  စိစစ်တွေ့ရှိခဲ့ရပြီး ထိုင်းနိုင်ငံထုတ် Gano အမှတ် တံဆိပ် ကော်ဖီ(3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများ ရောင်းချခြင်းမရှိပါကြောင်း၊ ဒက္ခိဏခရိုင်ဦးစီးမှူးမှ“ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ "အား သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေး ရှင်းလင်း ပြောကြားခဲ့ပြီး နံနက် (၁၂း၀၀)  နာရီအချိန်တွင် စစ်ဆေးပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်‌မြေ)