
(၁၀.၄.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ တာမွေမြို့နယ် တာမွေ(ယာယီ)ဈေးအတွင်းနှင့် ဈေးပြင်ပရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် တာမွေ(ယာယီ)ဈေးအတွင်းရှိ ဆိုင်ခန်း(၅)ဆိုင်နှင့် ဈေးပြင်ပရှိ ဆိုင်ခန်း(၃)ဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိသော ခွဲတမ်းများကို သတ်မှတ်ဈေးနှုန်း အပေါ် (၂%)အမြတ်တင်၍ ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း လက်ကျန် များမထားရှိကြောင်း ကွင်းဆင်း စစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)