ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၅.၇.၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်း ဆိုင်များဖြစ်သည့် ရွှေဗျိုင်းဖြူ၊ ဦးသောင်စိန် နှင့် GRAND MAX စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီအရည်အသွေးနှင့် အလေးချိန်အခြင်အတွယ် ပြည်မှီခြင်းရှိ/မရှိခြင်းတို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စစ်ဆေးခဲ့သော စက်သုံးဆီဆိုင်(၃)ဆိုင်မှာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)