
ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် ၂၈-၄-၂၀၂၅ ရက်နေ့တွင် နှစ်နိုင်ငံကြား စီးပွားရေး နှင့်ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေရန် ဆွေးနွေးခဲ့ကြပြီး ၂၀၂၅-၂၀၂၆ ကာလအတွက် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံလုံးသည် ကုန်သွယ်မှု တိုးတက်မှုကို မြှင့်တင်ရန်နှင့် အပြန်အလှန်အကျိုးအမြတ်အတွက် ရည်မှန်းထားသည့် ကန် ဒေါ်လာ ဘီလီယံ ၂၀ ရရှိရန် သဘောတူညီခဲ့ကြသည်။ ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေရေး ဆိုင်ရာဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာနတွင် ဗီယက်နမ်နိုင်ငံ၌ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul နှင့် ဗီယက်နမ် နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီး Nguyen Hong Dien တို့ တွေ့ဆုံစဉ်တွင် ပြုလုပ်ခဲ့ကြောင်း MoC ၏ထုတ်ပြန်ချက်အရ သိရသည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်နှင့် အပြန်အလှန်အကျိုးပြုမှုများအပေါ်အခြေခံ၍ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်နှင့် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံလုံးမှ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် အာဆီယံ၊ ASEAN+1 Free Trade Agreement (FTAs)၊ RCEP နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို ပိုမိုကောင်းမွန်အောင် အသုံးချခြင်းဖြင့် နှစ်နိုင်ငံ၊ အာဆီယံနှင့် ဘက်စုံမူဘောင်များအတွင်း ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံခေါင်းဆောင်များ ချမှတ်ထားသည့် ကုန်သွယ်မှု ရည်မှန်းချက်များ အောင်မြင်စေရန် သိသိသာသာ အထောက်အကူ ဖြစ်စေမည့် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ်ကို နှစ်ဖက်စလုံးက လက်မှတ်ရေးထိုး ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်သို့ သီဟိုဠ်စေ့အကြမ်း၊ ဆေးရွက်ကြီး၊ ဆန်၊ ရော်ဘာ၊ ပီလောပီနံ၊ ပြောင်းနှင့် သရက်သီးများ တင်ပို့လျက်ရှိပြီး ဗီယက်နမ်နိုင်ငံသည် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာ၊ ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံနှင့် အခြားကုန်စည်များကို ကမ္ဘောဒီးယားသို့ တင်ပို့လျက်ရှိသည်။
Source: Khmer Times
DOCA(ရန်ကုန်)