
စားသုံးသူရေးရာဦးစီးဌာန ၊ မြန်အောင်မြို့နယ်တာဝန်ခံမှ (၁၆-၅-၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၁:၂၅)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ မြန်အောင်မြို့ နေခြည်ဈေးရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်အား စစ်ဆေးခဲ့ရာ ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချခြင်းမရှိဘဲ ကုမ္ပဏီများမှ ဝယ်ရင်းဈေးများအပေါ် သင့်တင့်သော အမြတ်ဖြင့်သာရောင်းချပေးနေခြင်း၊ အိမ်သုံး ဆေးဝါးများဝယ်ယူရာတွင် ကာလတန်ကြေးဈေးနှုန်းအရ ဝယ်ယူရရှိပြီး အဓိကပစ္စည်းပြတ်လပ်မှု မရှိကြောင်းနှင့် ဈေးနှုန်းများမှာလည်း တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဖြင့် သိရှိရပါသည်။
DOCA(ဧရာဝတီ)