ဗီယက်နမ်နိုင်ငံ Can Tho မြို့တော်ပြည်သူ့ကော်မတီဥက္ကဌ Truong Canh Tuyen သည် မြို့တော်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများရှာဖွေနေသည့် စင်ကာပူ နှင့် အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းများမှ ကိုယ်စာလှယ်အဖွဲ့နှင့် ဧပြီလ ၁၆ ရက်နေ့က အစည်း အဝေးလုပ်ခဲ့ကြောင်း သိရပါသည်။ အစည်းအဝေးအတွင်း ၎င်းတို့သည် ဟိုက်ဒရိုဂျင်ထုတ်လုပ် သည့်စက်ရုံ၊ LNG သိုလှောင်ရုံနှင့် စွန့်ပစ်စိုက်ပျိုးရေးပစ္စည်းများမှ အဆင့်မြင့်ဇီဝလောင်စာ ထုတ်လုပ်ခြင်းအစရှိသည့် စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံရန်အတွက် အခွင့်အလမ်းများနှင့် ပတ်သတ်၍ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ Tuyen ကလွန်ခဲ့သည့်နှစ် များအတွင်း ပြည်တွင်းစိုက်ပျိုးရေးသမားများသည် အစဉ်အလာစိုက်ပျိုးရေးနည်းလမ်းများကို အသုံးပြုခဲ့ကြပြီး ရေထုညစ်ညမ်းမှုနှင့် မြေဆီလွှာပျတ်စီးစေသည့် ဓာတုဓာတ်မြေဩဇာများကို အသုံးပြုခဲ့ကြကြောင်းနှင့် ထို့ကြောင့် မြို့တော်သည် စိုက်ပျိုးရေးသမားများအား အော်ဂဲနစ်ပစ္စည်း များအားအသုံးပြုရန်နှင့် ဂေဟစနစ်ထိန်းသိမ်းရန်အတွက် လမ်းပြပေးရန် အဓိကအာရုံစိုက် ထားကြောင်း ပြောကြားခဲ့ပါသည်။ Tuyen က စက်ဝန်းပုံစီးပွားရေး၊ အစိမ်းရောင်အသွင် ကူးပြောင်းခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးသည် ဒေသနှင့် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကမောင်းနှင်အားအသစ်များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဥက္ကဌက စင်ကာပူ စီးပွားရေးလုပ်ငန်းများအား မြို့တော်၏ဦးစီးဌာနများ၊ အေဂျင်စီများနှင့် သက်ဆိုင်ရာအချက် အလက်များစုဆောင်းရန်အတွက်ချိတ်ဆက်ရန်၊ မီခိုနိုင်သောကုန်ကြမ်းပစ္စည်းများရရှိစေရေး ပြည်တွင်းလုပ်ငန်းများနှင့် ညှိနှိုင်းရန်နှင့် ကုန်ကြမ်းပစ္စည်းအရင်းအမြစ်များနှင့် စက်ရုံ တည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံရေးအတွက် ဖြစ်နိုင်ချေများကို ချင့်ချိန်ရန် တိုက်တွန်းခဲ့ ကြောင်း သိရပါသည်။ Tuyen က ၎င်းသည် စင်ကာပူအခြေစိုက် H2G အစိမ်းရောင်လီမိတက် သည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြုပြင်ထုတ်လုပ်ခြင်း၊ စက်မှုဇုန်တည်ထောင်ခြင်းနှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့်ကဏ္ဍများတွင် စိတ်ဝင်စားသည့် စင်ကာပူနှင့်အင်ဒိုနီးရှားလုပ်ငန်း များအား ဆက်လက်မိတ်ဆက်ပေးရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
Vietnam Plus
DOCA(ရန်ကုန်)