ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးချဲ့မည့် Nestle

Powered by Drupal

Nestle Vietnam သည် ဗီယက်နမ်တောင်ပိုင်း Dong Nai ပြည်နယ်ရှိ Tri An စက်ရုံကို ဗီယက်နမ်‌ဒေါင် ၁.၉ ထရီလီယံ( အမေရိကန်ဒေါ်လာ ၇၃.၄ မီလီယံ) ရင်းနှီးမြှုပ်နှံမှုတိုးချဲ့မှုနှင့် အတူ နိုင်ငံတွင်၎င်းတို့၏ လုပ်ငန်းလည်ပတ်သည့်မတည်ငွေကို မြှင့်တင်မည်ဟု ဧပြီလ ၂၁ ရက် နေ့က ကြေညာခဲ့ကြောင်း သိရပါသည်။ ထိုမတည်ငွေသစ်ထပ်မံတိုးမြှင့်မှုနှင့်အတူ ထိုစက်ရုံ တစ်ခုတည်းအတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် ဗီယက်နမ်ဒေါင် ၄.၃ ထရီလီယံ ကျော်ပြီဟု သိရပါသည်။ ရလဒ်အနေဖြင့် Nestle Vietnam ၏နိုင်ငံအတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် ဗီယက်နမ်ဒေါင် ၂၀.၂ ထရီလီယံနီးပါးထိ မြင့်တက်ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ Nestle Vietnam ၏ CEO ဖြစ်သူ Binu Jacob က ထိုတိုးချဲ့မှုသည် Nestle Vietnam ၏ ဗီယက်နမ်၏ ဖွံ့ဖြိုးတိုးတက်မှုအလားအလာအပေါ် ယုံကြည်ချက်အားကောင်းနေသည်ကိုကိုယ်စားပြုနေ ကြောင်းနှင့် ကုမ္ပဏီသည် လူသားအရင်းအမြစ်၊ နည်းပညာဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းနှင့် အစိမ်းရောင်ကြီးထွားမှုတို့တွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ဗီယက်နမ်၏ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုတွင် ဆက်လက်ပူးပေါင်းပါဝင်သွားမည်ဟု ပြောကြား ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစ၍ Nestle ၏ NESCAFE  အစီအစဉ်သည် ကော်ဖီစိုက်ပျိုးသည့် အိမ်ထောင်စု ၂၁၀၀၀ ကျော်ကို နိုင်ငံတကာအသိအမှတ်ပြုစိုက်ပျိုးရေးအလေ့အကျင့်များအား အသုံးချနိုင်ရန် ပံ့ပိုးပေးခဲ့ကြောင်း သိရပါသည်။ ထိုအစီအစဉ်သည် စိုက်ပျိုးရေးသမားများအား ရေအသုံးပြုမှုအား ၄၀ မှ ၆၀ ရာခိုင်နှုန်းထိလျှော့ချရန်၊ ဓာတုဓာတ်မြေဩဇာအသုံးပြုမှုအား ၂၀ ရာခိုင်နှုန်းဖြတ်တောက်ရန်နှင့် စိုက်ပျိုးရေးသမားများ၏ဝင်ငွေအား ၃၀ မှ ၁၅၀ ရာခိုင်နှုန်း မြင့်တက်ရန် ကူညီပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင်ကုမ္ပဏီသည် စိုက်ပျိုးရေးသမား ၄၆၇၀၀၀ ဦးအားလေ့ကျင့်ပေးကြားပေးခဲ့ပြီး ရောဂါပိုးနှင့် မိုးခေါင်မှုကို ကြံကြံခံနိုင်သည့်ကော်ဖီ အပင်ပေါက် ၈၆ သန်းကျော်အား ဖြန့်ဖြူးပေးခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)