
ဗီယက်နမ်နိုင်ငံတစ်ဝှမ်းရှိဒေသများမှ သစ်သီးများကို ဟနွိုင်းမြို့ရှိ 62 Trang Tien လမ်း တွင် ဧပြီလ ၂၃ မှ ၂၇ ထိ ခင်းကျင်းပြသမည်ဟု သိရပါသည်။ ထုတ်ကုန်တစ်ခုခြင်းစီတွင် ထုတ်ကုန်မူလဒေသ၊ စိုက်ပျိုးသည့်ဧရိယာ၊ ထုတ်လုပ်ခြင်းနှင့် တရားဝင်ရောင်းချသည့်လိပ်စာ အစရှိသည့် သက်ဆိုင်ရာအသေးစိတ်အချက်အလက်များကို လည်ပတ်ကြည့်ရှုသူများ လွယ်ကူစွာ သိရှိနိုင်ရန်ကူညီပေးမည့် QR Code များ ပါဝင်မည်ဟု သိရပါသည်။ ထိုလုပ်ဆောင်မှုသည် အရည် အသွေးမြင့်ဗီယက်နမ်ကုန်ပစ္စည်းမျာအပေါ် စားသုံးသူယုံကြည်မှုတည်ဆောက်မှုမြှင့်တင်ရန် ရည်ရွယ်ကြောင်း ပွဲစီစဉ်သူကပြောကြားခဲ့ပါသည်။ ထို့ပြင် ထိုပွဲတော်သည် ဗီယက်နမ်သစ်သီး များနှင့်ပတ်သတ်သည့် ရိုးရာယဉ်ကျေးမှု၊ စီးပွားရေးနှင့် ဇီဝဆိုင်ရာတန်ဖိုးများကို ဂုဏ်ပြုရန်၊ ပြည်တွင်းစားသုံးမှုမြှင်တင်ရန်နှင့် ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၏ ဂုဏ်ပုဒ်ကို အရှိန်မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။ ထိုပြပွဲတည်နေရာဖြစ်သည့် 62 Trang Tien သည် ကုန်ပစ္စည်းအစစ်အမှန်နှင့် အတုများကြားကွဲပြားခြားနားမှုကို အသားပေးပြသသည့် ဆောင်ရွက်မှုမှုနှင့်ပတ်သတ်၍ လူသိများကြောင်း သိရပါသည်။
DOCA(ရန်ကုန်)