ဗီယက်နမ်နိုင်ငံ Can Tho မြို့တွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ‌ကျော်တန် Aeon Mall တည်ဆောက်မည်

Powered by Drupal

ဗီယက်နမ်နိုင်ငံ မဲခေါင်ဒယ်တာဒေသ၏ Can Tho မြို့တွင် ဗီယက်နမ်ဒေါင် ၅.၄ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၂၀၈.၇ သန်း) ကျော်တန် Aeon Mall စီမံကိန်းတည်ဆောက်မှု ကို ဧပြီလ ၂၆ ရက်နေ့တွင် စတင်မည်ဟု သိရပါသည်။ မြူနီစပယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌ ဖြစ်သူ Nguyen Thuc Hien က မြူနီစပယ်ပါတီကော်မတီ၊ ပြည်သူ့ကောင်စီနှင့် ပြည်သူ့ကော်မတီတို့သည် ထိုစီမံကိန်းကိုအထူးအာရုံစိုက်ထားကြောင်းပြောကြားခဲ့ပါသည်။ မြူနီ စပယ်ဦးစီးဌာန၏ ညွှန်ကြားရေးမှူး Ha Vu Son က ဌာနသည် စီမံကိန်း စီစဉ်ထားသည့်ရက်တွင် စတင်နိုင်ရန်အတွက် သက်ဆိုင်သည့်လုပ်ငန်းစဉ်များကိုင်တွယ်ရာတွင် အရှိန်မြှင့်ဆောင်ရွက် လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ စီမံကိန်းရင်းနှီးမြှုပ်နှံမှုမူဝါဒကို မြူနီစပယ်ပြည်သူ့ ကော်မတီ၏ ဥက္ကဌက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမတည်ငွေတွင်  ရင်းနှီးမြှုပ်နှံသူသည် ဗီယက်နမ်ဒေါင် ၁.၀၈ ထရီလီယံ ပါဝင်မည်ဖြစ်ပြီး ကျန်သည့် ၄.၃၂ ထရီလီယံကို အခြားအရင်းအမြစ်များထံမှ ရရှိမည်ဟု သိရပါ သည်။ ထို Mall သည် ဂျပန်၏ Aeon Group ၏ ဗီယက်နမ်တွင် ၉ ခုမြောက် Shopping mall ဖြစ်ပြီး မဲခေါင်ဒယ်တာဒေသတွင် ဒုတိယမြောက်ဖြစ်ကြောင်း သိရပါသည်။ ‌ဆောက်လုပ်မှုကို အဆင့် ၂ ဆင့်ခွဲထားမည်ဖြစ်ကြောင်း သိရပါသည်။ ပထမအဆင့်တွင် စတုရန်းမီတာ ၁၁၄၀၀၀ ကျယ်ဝန်းသည့် ဈေးဝယ်စင်တာကိုတည်ဆောက်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် စတုရန်းမီတာ ၈၁၁၀၀ ကျယ်ဝန်းသည့် ဒုတိယဈေးဝယ်စင်တာနှင့် ကားရပ်နားသည့်နေရာ တည်ဆောက်မည် ဟုသိရပါသည်။ ပထမအဆင့်ကို ရင်းနှီးမြှုပ်နှံမှုခွင့်ပြုသည့်ရက်မှစ၍ ၃၆ လအတွင်း လည်ပတ်နိုင် မည်ဟု သိရပါသည်။ ဒုတိယအဆင့်ကို ပြည်တွင်းနှင့်ဒေသတွင်း စီးပွားရေး အခြေအနေပေါ် မူတည်၍ ပထမအဆင့်အကောင်အထည်ဖော်ပြီး ၁၀ နှစ်အတွင်းဆောင်ရွက် မည်ဟုသိရပါသည်။ ထို Mall ကိုရင်းနှီးမြှုပ်နှံမှုခွင့်ပြုသည့်ရက်မှစ၍ နှစ် ၅၀ လည်ပတ်ရန်မျှော်မှန်းကြောင်း သိရပါ သည်။ Mall တွင် လက်လီအရောင်းဆိုင်များ၊ စား‌သောက် ဆိုင်များနှင့် ကလေးကစားကွင်းများ ပါဝင်ကြောင်း သိရပါသည်။ ထို့ပြင် သိုလှောင်ရုံများနှင့် ကွန်းဖရန့်ခန်းမများငှားရမ်းသည့် ဝန်ဆောင်မှုများလည်း ပါဝင်မည်ဟု သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)