ထိုင်းနိုင်ငံ Rayong တွင်ဒီဇယ်ကားများပိုမိုထုတ်လုပ်ရန်စီစဉ်နေသည့် GWM

Powered by Drupal

ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားစက်ရုံတည်ဆောက်ရန် ဘတ်ဘီလီယံများစွာ သုံးစွဲခဲ့သည့် တရုတ်အခြေစိုက် GWM( Great Wall Motor) International သည် ထိုင်းနိုင်ငံနှင့် ပြည်ပ နိုင်ငံများတွင် စီးပွားရေးမသေချာမှုများကိုတုံ့ပြန်ရန် ဒီဇယ်စွမ်းအင်သုံးကားများထုတ်လုပ်ရန် ပါဝင်သည့် ၎င်းတို့၏စီးပွားရေးမဟာဗျူဟာကို ချိန်ညှိလျှက်ရှိကြောင်း သိရပါသည်။ ကုမ္ပဏီသည် တင်ပို့ရန်နှင့် ပြည်တွင်းရောင်းချရန်အတွက် ၎င်းတို့၏ Rayong ရှိစက်ရုံတွင် ဒီဇယ်ကားများ ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက်ကို တိုးမြှင့်ရန်စဉ်းစားလျှက်ရှိကြောင်း သိရပါ သည်။ GWM International ၏ ဥက္ကဌဖြစ်သူ Parker Shi က ၎င်းတို့သည် ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှတွင် ကြီးထွားရန်အလားအလာမြင့်မားစွာရှိသည့် ထုတ်ကုန်များကို အာရုံစိုက် ရန်အလိုရှိကြောင်းနှင့် ဒီဇယ်အင်ဂျင်များသည် ထိုဒေသတွင်သင့်တော်ကြောင်းပြောကြားခဲ့ပါ သည်။ ယခုလအစောပိုင်းတွင်ပြီးဆုံးခဲ့သည့် ၁၂ ရက်တာကျင်းပခဲ့သော Bangkok International Motor Show တွင် GWM သည် New GWM Tank 300 Diesil ကားမော်ဒယ်ကိုမိတ်ဆက်ခဲ့ပြီး မှာယူမှု ၃၀၀ ကျော်ရရှိခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် မော်တော်ကားလုပ်ငန်းနှေးကွေးနေ သည့်ထိုင်းနိုင်ငံတွင် ဒီဇယ်ကားထုတ်လုပ်မည့် ၎င်းတို့၏ အစီအစဉ်သစ်နှင့်ပတ်သတ်၍ အသေးစိတ်ရှင်းလင်းရန်ငြင်းဆန်ခဲ့ကြောင်း သိရပါသည်။ ထိုင်းပြည်တွင်းကားလုပ်ငန်းသည် သိသာစွာကျဆင်းလျှက်ရှိပြီး ဘဏ်များသည်လည်းမြင့်မားသည့်အိမ်ထောင်စုကြွေးမီများကြောင့် ၎င်းတို့၏ ငွေချေးမှုကို တင်းကျပ်လျှက်ရှိကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းပြည်တွင်းကားရောင်းချမှုသည် အစီးရေ ၅၇၂၆၇၅ စီးဖြင့် ၁၄ နှစ်အတွင်း အနိမ့်ဆုံး အဆင့်သို့ကျဆင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် GWM သည် ထိုင်းနိုင်ငံတွင် အစီးရေ ၃၇၀၆၇ စီးရောင်းချခဲ့ရကြောင်း သိရပါသည်။ ကုမ္ပဏီသည်  ယခုနှစ်စက်တင်ဘာလတွင် ဘရာဇီး နိုင်ငံ၌ ၎င်းတို့၏ကားစက်ရုံသစ်ကိုတည်ဆောက်ရန် စီစဉ်နေကြောင်း သိရပါသည်။ ကုမ္ပဏီသည် တရုတ်နိုင်ငံပြင်ပတွင် ရုရှားနှင့် ထိုင်းနိုင်ငံတို့၌ စက်ရုံများလည်ပတ်လျှက်ရှိကြောင်း သိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)