ဗီယက်နမ်နှင့် အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်ရေးအပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုစတင်

Powered by Drupal

     ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien သည် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson L.Greer နှင့် နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်ရေးတို့ အတွက် ဧပြီလ ၂၃ ရက်နေ့က ဖုန်းနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုဆွေးနွေးမှု ကို ဗီယက်နမ်အစိုးရ၏ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ကဏ္ဍများမှ အဆင့် မြင့်အရာရှိများ တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ထိုပွဲတွင် အစိုးရညှိနှိုင်းရေးအဖွဲ့၏ ခေါင်းဆောင် Dien က အမေရိကန်နှင့်ဘက်ပေါင်းစုံမဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် တည်ထောင်မည့် ဗီယက် နမ်၏ အာမခံချက်ကို အသားပေးပြောကြားခဲ့ပြီး မျှချေရှိပြီးတည်ငြိမ်သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်နွယ်မှုမြှင့်တင်ရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။ Dien ကဗီယက်နမ်ဝန်ကြီးဌာနများ နှင့်ကဏ္ဍများသည်လည်း အမေရိကန်၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အဆင်သင့်ဖြစ်နေကြောင်း နှင့်အပြန်အလှန်အကျိုးရှိသော ဖြေရှင်းချက်များကို ရှာဖွေရန် အတူတကွလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါသည်။ Greer က နှစ်နိုင်ငံ၏ အပြန်အလှန် ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုများကိုကြိုဆိုကြောင်းနှင့် သင့်လျော်သော ဖြေရှင်းချက်များမကြာခင်ရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးသည် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်များ အရှိန်မြှင့်တင်ရန် အဆင့်မြင့်အရာရှိများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်ဖလှယ်ရန် သဘောတူခဲ့ကြကြောင်း သိရပါသည်။

Ref..Vietnam Plus

DOCA (ရန်ကုန်)