
ဗီယက်နမ်ငါးလုပ်ငန်းအသင်းနှင့် ဂျပန်ကမာထုတ်လုပ်သူနှင့်ပြုပြင်ထုတ်လုပ်သူ ဖြစ်သည့် Kunihiro Inc သည် နှစ်နိုင်ငံကြားငါးလုပ်ငန်းကဏ္ဍတွင်ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် နားလည်မှုသဝဏ်လွှာကို ဧပြီလ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ လက်မှတ်ရေးထိုးမှုကို ဂျပန်နိုင်ငံရှိ Kunihiro Inc ၏ ရုံးချုပ်တွင်ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးရုံးသည် သဘောတူညီချက်လွယ်ကူချောမွေ့ စေရေးအတွက် အဓိက အခန်းကဏ္ဍ၌ပါဝင်ခဲ့ကြောင်း သိရပါသည်။ နားလည်မှု သဝဏ်လွှာအောက်တွင် နှစ်ဖက်စလုံး သည် ဂျပန်စံနှုန်းနှင့်ကိုက်ညီသော ဗီယက်နမ်ကမာများအတွက် တန်ဖိုးကွင်းဆက်တည်ထောင်ရန် အတူတကွလုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းနှင့်ပြည်ပဈေးကွက်နှစ်ခုစလုံးကို ရည်ရွယ်ထားကြောင်း သိရပါသည်။ ဂျပန်သည် ဗီယက်နမ်အား တင်ပို့သည့်စံနှုန်းကိုက်ညီရန်၊ ကမာသားဖောက်မှုတိုးတက်ရန်၊ ဗီယက်နမ်ရေကြောင်းဝန်းကျင်နှင့် ကိုက်ညီသည့်မွေးမြူရေး နည်းစနစ်၊ အဆင့်မြင့်ပြုပြင်ထုတ်လုပ်သည့်နည်းပညာလွှဲပြောင်းမှုတို့တွင် ပံ့ပိုးကူညီသွားမည်ဟု သိရပါသည်။
Ref..Vietnam Plus
DOCA (ရန်ကုန်)